ဆိုင်တစ်ဆိုင်လုံးကို ဖုန်းတစ်လုံးထဲက စီမံပါ
အရောင်း၊ Stock နှင့် IMEI၊ ဖုန်းပြင် Job၊ ဖုန်းဖြည့်၊ ငွေစာရင်း၊ အကြွေးနှင့် Report — စာအုပ်နှင့် မှတ်စရာမလိုဘဲ တစ်နေရာတည်းမှာ။
- အခမဲ့ — ကတ် မလို
- ဖုန်း၊ Tablet၊ ကွန်ပျူတာ
- မြန်မာ · English · ไทย
ကောင်တာမှာ လိုတာ အားလုံး၊ တစ်နေရာတည်း
ရောင်းလိုက်တာနဲ့ Stock၊ ငွေစာရင်း၊ အမြတ်နှင့် Report အားလုံး တစ်ပြိုင်နက် ပြောင်းပါတယ်။
အရောင်း POS
Barcode scan၊ ငွေသား/Wallet ခွဲပေးချေ၊ အကြွေးရောင်း၊ 80mm / 58mm ဘောက်ချာ။
ဖုန်း IMEI လုံးချင်း
ဖုန်းတစ်လုံးချင်း IMEI ဖြင့် ဝယ်၊ ရောင်း၊ ရှာ — ဘယ်ဖုန်း ဘယ်သူ့ကို ရောင်းခဲ့သည် သိနိုင်။
Stock နှင့် အဝယ်
လက်ကျန်၊ လက်ကျန်နည်း သတိပေး၊ Supplier အဝယ်နှင့် ပေးရန်ကြွေး၊ ဆိုင်ခွဲအကြား ရွှေ့ပြောင်း။
ဖုန်းပြင် Job
လက်ခံမှ ပြန်အပ်သည်အထိ — စရံ၊ အခြေအနေ၊ ပြင်ဆရာ ကော်မရှင်။ ဖောက်သည်က QR ဖြင့် ကိုယ်တိုင် စစ်နိုင်။
ဖုန်းဖြည့် / Bill
Biller တစ်ခုချင်း လက်ကျန်၊ Bonus / Discount % ဖြင့် အမြတ်၊ နေ့စဉ်စာရင်း။
ငွေစာရင်း နှင့် အကြွေး
ငွေသား၊ KPay၊ Wave စသည့် Wallet လက်ကျန်၊ ငွေလွှဲ၊ ဖောက်သည်အကြွေး၊ ဝင်ငွေ/ထွက်ငွေ။
Report
နေ့/လ/နှစ်ချုပ်၊ အမြတ်၊ ဝန်ထမ်းလစာ၊ အစုရှင် ခွဲဝေငွေ။ Excel ထုတ်နိုင်။
ဝန်ထမ်း နှင့် ဆိုင်ခွဲ
Role အလိုက် လုပ်ပိုင်ခွင့်၊ ဆိုင်ခွဲများ၊ ဝယ်ဈေးနှင့် အမြတ်ကို ခွင့်ရှိသူသာ မြင်။
Telegram နှင့် Google Sheet
ရောင်းတိုင်း Telegram သတိပေး၊ နေ့စဉ် Report၊ ကိုယ်ပိုင် Google Sheet သို့ အလိုအလျောက် Sync။
ဖုန်းပေါ်မှာ ဒီလို မြင်ရပါတယ်



App အစစ်မှ ရိုက်ထားသော မြင်ကွင်းများ ဖြစ်ပြီး ပြထားသော အချက်အလက်များမှာ နမူနာ ဖြစ်သည်။
ဖုန်းဆိုင် ကိုယ်တိုင် လုပ်နေသူတွေက တည်ဆောက်ထားတာပါ
အကောင့်ဖွင့်စဉ် လုပ်ငန်းအမျိုးအစား ရွေးလိုက်ရင် ကိုယ်သုံးမယ့် အပိုင်းတွေပဲ ပေါ်ပါတယ်။
ဖုန်းအရောင်းဆိုင်
IMEI၊ အပိုပစ္စည်း Stock၊ အကြွေးရောင်း။
ဖုန်းပြင်ဆိုင်
Job ဘောက်ချာ၊ QR ဖြင့် အခြေအနေ၊ ပြင်ဆရာ ကော်မရှင်။
Mini Mart / ကုန်စုံဆိုင်
Barcode scan၊ ကုန်ဆုံးရက်၊ လက်ကျန်နည်း သတိပေး။
ဖုန်းဖြည့် / ငွေလွှဲဆိုင်
Biller လက်ကျန်၊ Wallet အလိုက် ငွေစာရင်း။
ငွေစာရင်း မှန်ဖို့နဲ့ Data လုံခြုံဖို့ကို အဓိကထားပါတယ်
စာရင်းကိုင် စံနှုန်းအတိုင်း
- ငွေ အဝင်အထွက်တိုင်း Ledger တစ်ခုတည်းမှ — လက်ကျန်နှင့် မှတ်တမ်း အမြဲ ကိုက်
- မဖျက်ပါ — Void / Reverse ဖြင့် အကြောင်းပြချက်နှင့် ပြန်လှန်
- နေ့ချုပ် ပိတ်ပြီးသော နေ့ကို ပြန်မပြင်နိုင်
လုံခြုံရေး
- ဝန်ထမ်းတစ်ယောက်ချင်း ကိုယ်ပိုင်အကောင့်နှင့် ခွင့်ပြုချက်
- မည်သူ ဘာလုပ်သည် — စစ်ဆေးမှတ်တမ်း (Audit log) အပြည့်
- ဆက်သွယ်မှု အားလုံး HTTPS၊ စကားဝှက်ကို ဝှက်စာအဖြစ်သာ သိမ်း
Cloud ပေါ်မှာ
- ပိုင်ရှင် ဆိုင်မှာ မရှိလည်း ဖုန်းကနေ ကြည့်နိုင်
- ဆိုင်တစ်ဆိုင်ချင်း Data သီးသန့်
- Excel နှင့် ကိုယ်ပိုင် Google Sheet သို့ ထုတ်ယူနိုင်
မိနစ်အနည်းငယ်နဲ့ စရောင်းနိုင်ပါတယ်
အကောင့်ဖွင့်ပါ
Email သို့မဟုတ် Google ဖြင့်။ ဆိုင်အမည်၊ မြို့နှင့် လုပ်ငန်းအမျိုးအစား ဖြည့်ရုံပါ။
ပစ္စည်း ထည့်ပါ
တစ်ခုချင်း ထည့်ပါ၊ သို့မဟုတ် Excel/CSV ဖိုင်ဖြင့် တစ်ခါတည်း သွင်းပါ။
ရောင်းပါ
ဘောက်ချာထုတ်ပြီး နေ့စဉ် Report တွင် ရောင်းအားနှင့် အမြတ် ကြည့်ပါ။
Mahar POS သုံးနေသော ဆိုင်များ
ဆိုင်အမည်၊ မြို့နှင့် ဆိုင်အမျိုးအစားကိုသာ ပြပါသည်။ ဖုန်းနံပါတ်၊ ရောင်းအားနှင့် ဖောက်သည် အချက်အလက်များ မပြပါ။
အခမဲ့ စတင်၊ Pro နဲ့ အပြည့်
အခြေခံ POS ကို အမြဲ အခမဲ့ သုံးပါ။ Report၊ ဆိုင်ခွဲများ၊ Online ဆိုင်နှင့် Telegram bot စသည့် အပြည့်အစုံအတွက်တော့ Pro — ဆိုင်တိုင်း ရက် ၆၀ အခမဲ့ စမ်းသုံးခွင့် ပါဝင်ပါသည်။
Free
နေ့စဉ် ကောင်တာအတွက်၊ အမြဲ အခမဲ့။
- အရောင်း POS၊ Stock၊ IMEI
- ဖုန်းပြင် Job နှင့် QR
- အဝယ်၊ ဖောက်သည်၊ Wallet ၁ ခု
- ဆိုင်ခွဲ ၁ ခု၊ ပစ္စည်း အကန့်အသတ်မရှိ
Pro
Free ထဲက အားလုံးနှင့် အပြည့်အစုံ။
- Report — အမြတ်နှင့် အသေးစိတ်
- ဆိုင်ခွဲများ၊ ကုန်လွှဲပြောင်းခြင်း
- Online ဆိုင်နှင့် Telegram bot
- ဖုန်းဖြည့် Biller များ
- ငွေလွှဲ၊ ထုတ်၊ အကြွေး tools အပြည့်
- ဝန်ထမ်း၊ Role၊ စစ်ဆေးမှတ်တမ်း
- Offline mode နှင့် pop-up သတိပေးချက်
Fully Access
Pro အပြင် အကန့်အသတ်မရှိ၊ အမြန် အကူအညီ။
- Pro ထဲက အားလုံး
- Data နှင့် ဓာတ်ပုံ အကန့်အသတ်မရှိ ထည့်သွင်းနိုင်
- အမြန် အကူအညီ
၆ လ ပေးရင် ၅,၀၀၀ ကျပ်၊ တစ်နှစ်ပေးရင် ၁၀,၀၀၀ ကျပ် သက်သာပါတယ်။ ထိုင်းမှာ PromptPay နဲ့ ဘတ်ငွေ ပေးချေပါ — Pro တစ်လ ၂၀၀ ဘတ်၊ Fully Access တစ်လ ၃၀၀ ဘတ် (၆ လ ၅၀ ဘတ်၊ တစ်နှစ် ၁၀၀ ဘတ် သက်သာ)။ မြန်မာမှာ KBZ Pay နဲ့ ပေးချေနိုင်ပါတယ်။
သိချင်တာလေးတွေ
အခမဲ့လား၊ Pro က ဘယ်လောက်လဲ။
အခြေခံ POS က အခမဲ့ — ကတ် မလို။ Report၊ ဆိုင်ခွဲများ၊ Online ဆိုင်နှင့် Telegram bot စသည့် အပြည့်အစုံအတွက် Pro က တစ်လ ၁၅,၀၀၀ ကျပ် (Data၊ ဓာတ်ပုံ အကန့်အသတ်မရှိနှင့် အမြန် အကူအညီပါ Fully Access က ၅၀,၀၀၀ ကျပ်) ဖြစ်ပြီး ဆိုင်တိုင်း ရက် ၆၀ အခမဲ့ စမ်းသုံးခွင့် ရပါသည်။
ဖုန်းနဲ့ သုံးလို့ရလား။
ရပါသည်။ ဖုန်း၊ Tablet၊ ကွန်ပျူတာ မည်သည့်စက်မှမဆို Browser ဖြင့် သုံးနိုင်ပြီး Add to Home screen လုပ်၍ App ကဲ့သို့ ဖွင့်နိုင်ပါသည်။
Data တွေ ပျောက်နိုင်လား။
Data များကို Cloud ပေါ်တွင် ဆိုင်တစ်ဆိုင်ချင်း သီးသန့် သိမ်းထားပါသည်။ Report များကို Excel ထုတ်နိုင်ပြီး ကိုယ်ပိုင် Google Sheet သို့ အလိုအလျောက် Sync လုပ်နိုင်ပါသည်။
ဘယ်ဘာသာစကား၊ ဘယ်ငွေကြေးတွေ ရလဲ။
မြန်မာ၊ English၊ ไทย သုံးမျိုး ရပါသည်။ အဓိကငွေကြေးကို MMK၊ USD၊ THB ထဲမှ ရွေးနိုင်ပြီး ဆိုင်၏ ဒေသစံတော်ချိန်အတိုင်း နေ့စဉ်စာရင်း ပိတ်ပါသည်။
ဝန်ထမ်းတွေကို ဘာမြင်ခွင့်ပေးမလဲ သတ်မှတ်လို့ရလား။
ရပါသည်။ Role များ ဖန်တီးပြီး ဝန်ထမ်းတစ်ဦးချင်း လုပ်ပိုင်ခွင့်နှင့် ဆိုင်ခွဲကို သတ်မှတ်နိုင်ပါသည်။ ဝယ်ဈေးနှင့် အမြတ်ကို ခွင့်ရှိသူသာ မြင်ရပါသည်။
ဘောက်ချာ ဘယ်လို ထုတ်ရလဲ။
80mm နှင့် 58mm Thermal printer များဖြင့် ထုတ်နိုင်ပါသည်။ ချိတ်ဆက်ပုံကို အသုံးပြုနည်း လမ်းညွှန် တွင် ကြည့်ပါ။
အကူအညီလိုရင် ဘယ်ကို ဆက်သွယ်ရမလဲ။
Telegram Community တွင် မေးနိုင်ပါသည်။ အသုံးပြုနည်း လမ်းညွှန်များ ကိုလည်း ဖတ်နိုင်ပါသည်။
ဒီနေ့ပဲ စမ်းသုံးကြည့်ပါ
အကောင့်ဖွင့်ပြီး ချက်ချင်း သုံးနိုင်ပါသည်။ မကြိုက်ရင် ဘာမှ ပေးစရာ မရှိပါ။