စတင်ခြင်း · အဆင့် ၅ ဆင့်
ဆိုင်အချက်အလက်နှင့် Logo ထည့်ခြင်း
ဆိုင်အမည်၊ ဖုန်း၊ Telegram၊ လိပ်စာ၊ မြို့၊ ဆိုင်တည်နေရာနှင့် Logo ကို ဆက်တင်များ → Shop တွင် ထည့်ခြင်း — Voucher နှင့် ပြေစာတိုင်းတွင် ပါမည်။
ဆက်တင်များ ကို ဖွင့်ပါ
Menu → ဆက်တင်များ (Settings) → Shop tab ကို ဖွင့်ပါ။ ဆက်တင်များကို ဆိုင်ပိုင်ရှင် (Owner) သာ မြင်ရပါသည်။
Business profile ဖြည့်ပါ
Business name၊ Phone၊ Telegram၊ Address၊ City ဖြည့်ပြီး Save profile နှိပ်ပါ။ ဖုန်းနံပါတ်နှင့် လိပ်စာသည် Voucher အပေါ်ပိုင်းတွင် ပါပါမည်။
Logo တင်ပါ
Logo ကတ်တွင် ပုံရွေးပြီး သိမ်းပါ။ အလျားလိုက် Logo လည်း ရပါသည်။ Thermal printer တွင် အမည်းရောင်ဖြင့် ကြည်လင်စွာ ထွက်ပါမည်။
ဆိုင်တည်နေရာ
Shop location တွင် Use my current location နှိပ်လျှင် ဖုန်း၏ တည်နေရာဖြင့် မြေပုံနှင့် မြို့ကို ထည့်ပေးပါသည်။
Website ခလုပ်
ဆိုင်တွင် Facebook Page သို့မဟုတ် Website ရှိလျှင် Website နှင့် Website button text ထည့်နိုင်ပါသည်။