စီမံခန့်ခွဲမှု · အဆင့် ၅ ဆင့်
ဖုန်း IMEI လုံးချင်း မှတ်ခြင်း
ဖုန်းအသစ်/အဟောင်းများကို IMEI တစ်လုံးချင်း ဝယ်၊ ရောင်း၊ ရှာဖွေ၊ ပြုပြင်ရေးမှတ်တမ်းနှင့် ချိတ်ကြည့်ခြင်း။
IMEI မှတ်ရန် ဖွင့်ပါ
ပစ္စည်းပြင်ရာတွင် Track IMEI / serial ကို ဖွင့်ပါ။ ဖုန်းဆိုင်၏ Phone New / Phone Second ပစ္စည်းများတွင် အလိုအလျောက် ဖွင့်ထားပါသည်။
ဝယ်ရာတွင် IMEI ထည့်ပါ
အဝယ်အသစ် တွင် ဖုန်းတစ်လုံးလျှင် IMEI တစ်ကြောင်း Scan ဖတ်/ရိုက်ထည့်ပါ။ အရေအတွက်ကို IMEI အရေအတွက်အတိုင်း တွက်ပါသည်။
ရောင်းရာတွင် IMEI ရွေးပါ
POS တွင် ဖုန်းကို ထည့်လျှင် လက်ကျန် IMEI များထဲမှ ရွေးခိုင်းပါမည်၊ IMEI ကို တိုက်ရိုက် Scan ဖတ်လည်း သက်ဆိုင်ရာ ဖုန်း Cart ထဲ ဝင်ပါမည်။
IMEI ဖြင့် ရှာပါ
ကုန်ပစ္စည်းများ ရှာဖွေကွက်တွင် IMEI (နောက်ဆုံးဂဏန်းများ) ရိုက်ရှာနိုင်ပါသည်။ ပြုပြင်ရေး တွင်လည်း IMEI ဖြင့် ထိုဖုန်း၏ ပြင်ခဲ့သမျှ ရှာနိုင်ပါသည်။
Adjust ဖြင့် IMEI အဝင်/အထွက်
IMEI ဖုန်းကို Adjust လုပ်လျှင် ဖယ်ရှားမည့်/ထည့်မည့် IMEI ကို တစ်လုံးချင်း ရွေးရပါမည်။