အကောင့်ဖွင့်ခြင်းနှင့် Login ဝင်ခြင်း
Email/စကားဝှက် သို့မဟုတ် Google ဖြင့် အကောင့်ဖွင့်ခြင်း၊ ဆိုင်အမျိုးအစား ရွေးခြင်းနှင့် စကားဝှက်မေ့လျှင် ပြန်သတ်မှတ်ခြင်း။
App ကို ဖွင့်ပါ
Browser တွင် app.maharpos.shop ကို ဖွင့်ပါ။ ဖုန်း၊ Tablet၊ Computer မည်သည့်စက်တွင်မဆို သုံးနိုင်ပါသည်။
အကောင့်အသစ် ဖွင့်ပါ
Create a free account ကို နှိပ်ပြီး အမည်၊ Email၊ စကားဝှက် (အနည်းဆုံး ၈ လုံး) ဖြည့်ပါ။ သို့မဟုတ် Continue with Google ကို နှိပ်ပြီး Gmail ဖြင့် တန်းဝင်ပါ။
ဆိုင်အမျိုးအစား ရွေးပါ
ပထမဆုံးဝင်ချိန်တွင် ဆိုင်အမည်နှင့် 'What is this for?' (Mini Mart / ဖုန်းဆိုင် / All-in-one စသည်) မေးပါမည်။ ရွေးသည့်အမျိုးအစားအလိုက် မလိုသော Menu များကို ဖျောက်ထားပေးပါသည်။ နောက်မှ ဆက်တင်များ → Menu တွင် ပြန်ပြောင်းနိုင်သည်။
နောက်တစ်ကြိမ် ဝင်ရန်
Login စာမျက်နှာတွင် Username (သို့) Email နှင့် စကားဝှက် ရိုက်ပါ၊ Google ဖြင့်ဖွင့်ထားလျှင် Continue with Google နှိပ်ပါ။
စကားဝှက် မေ့သွားလျှင်
Login တွင် Forgot password? နှိပ်ပြီး Email ထည့်ပါ။ Email ထဲသို့ ရောက်လာသော Link ဖြင့် စကားဝှက်အသစ် သတ်မှတ်ပါ။