စတင်ခြင်း · အဆင့် ၅ ဆင့်
ပင်မစာမျက်နှာ (Dashboard) ဖတ်နည်း
ယနေ့ ဝင်ငွေ/ထွက်ငွေ အသေးစိတ်၊ အရောင်း၊ အမြတ်၊ ကုန်ပစ္စည်းတန်ဖိုးနှင့် ငွေစာရင်း လက်ကျန်များကို တစ်နေရာတည်းတွင် ကြည့်ခြင်း။
ယနေ့ စုစုပေါင်းဝင်ငွေ
Today's Total Income ကတ်တွင် အရောင်း၊ ပြုပြင်ခ၊ ဖုန်းဖြည့်၊ အခြားဝင်ငွေ စသည်ဖြင့် အမျိုးအစားတစ်ခုချင်း သေးသေးလေး ခွဲပြပါသည်။
ယနေ့ ထွက်ငွေ
Today's Expense ကတ်တွင် အဝယ်၊ အသုံးစရိတ်၊ ငွေထုတ် စသည်ဖြင့် ထွက်ငွေ တစ်ခုချင်း ပြပါသည်။
အရောင်းနှင့် အမြတ်
TODAY'S SALES (ရောင်းရငွေနှင့် အရောင်းအကြိမ်) နှင့် SALES PROFIT (ဝယ်ဈေးနုတ်ပြီး အမြတ်) ကို ပြပါသည်။
ကုန်ပစ္စည်း တန်ဖိုး
STOCK VALUE (COST) သည် ဝယ်ဈေးဖြင့်တန်ဖိုး၊ STOCK VALUE (RETAIL) သည် ရောင်းဈေးဖြင့်တန်ဖိုးနှင့် အကုန်ရောင်းလျှင် ရမည့်အမြတ် ဖြစ်ပါသည်။
ငွေစာရင်း လက်ကျန်
Cash၊ KPay၊ Wave စသည့် ငွေစာရင်းတစ်ခုချင်း၏ လက်ကျန်နှင့် စုစုပေါင်းကို ပြပါသည်။ ဆိုင်ခွဲအလိုက် စစ်ရန် All branches ကို ပြောင်းပါ။