Mahar POSလမ်းညွှန်အားလုံး
အရောင်းနှင့် ဝန်ဆောင်မှု · အဆင့် ၉ ဆင့်

အရောင်းနှင့် POS — ရောင်းချနည်း

ပစ္စည်းရှာ/Scan၊ Cart ထည့်၊ လျှော့ဈေး၊ ဖောက်သည်ရွေး၊ ငွေအပြည့်/တစ်စိတ်/အကြွေး၊ ငွေစာရင်း နှစ်ခုခွဲပေး၊ ပြန်အမ်းငွေ တွက်ပြီး Voucher ထုတ်ခြင်း။

၁

ပစ္စည်း Cart ထဲ ထည့်ပါ

အရောင်းနှင့် POS ကို ဖွင့်ပါ။ ပစ္စည်းကို နှိပ်ပါ၊ သို့မဟုတ် 'Search or scan barcode...' တွင် အမည်/SKU/Barcode ရိုက်ပါ။ USB/Bluetooth Barcode scanner ဖြင့် ဖတ်လျှင် တန်းဝင်ပါမည်။ ဖုန်းတွင် 📷 ခလုပ်ဖြင့် ကင်မရာ Scan လုပ်နိုင်သည်။

၂

Variant နှင့် IMEI

Model တစ်ခုတွင် Variant (128GB · Blue စသည်) ရှိလျှင် ရွေးခိုင်းပါမည်။ IMEI မှတ်ထားသော ဖုန်းဖြစ်လျှင် ရောင်းမည့် IMEI ကို ရွေးပါ (သို့) Scan ဖတ်ပါ။

၃

အရေအတွက်၊ ဈေး၊ မှတ်ချက်

Cart တွင် + / − ဖြင့် အရေအတွက် ပြောင်းပါ။ လက်ဆောင် (Free gift) အဖြစ် ပေးလျှင် 🎁 ကို နှိပ်ပါ။ 'Note: IMEI, traded in with iPhone 8…' တွင် မှတ်ချက် ထည့်နိုင်ပါသည်။

၄

ဖောက်သည် ရွေးပါ

Customer တွင် လမ်းလျှောက်ဖောက်သည် (Walk-in) သို့မဟုတ် သိမ်းထားသော ဖောက်သည်ကို ရွေးပါ။ အသစ်ဆိုလျှင် New customer ဖြင့် အမည်/ဖုန်း ထည့်ပါ။ အကြွေးရောင်းလျှင် ဖောက်သည်အမည် လိုအပ်ပါသည်။

၅

အရောင်း ပြန်စစ်ပါ (Review sale)

လျှော့ဈေး (Discount) ထည့်ပြီး ငွေပေးပုံ ရွေးပါ — ငွေအပြည့်၊ တစ်စိတ်ပေး (Amount received now)၊ အကြွေး။ ငွေဝင်မည့် ငွေစာရင်း (Receive into wallet) ကို ရွေးပါ။

၆

ဆိုင်မှာ မရှိတဲ့ ပစ္စည်း (ပြင်ပ ပစ္စည်း)

တခြားဆိုင်က ယူရောင်းရလျှင် Cart ရှိ + ပြင်ပ ပစ္စည်း ကို နှိပ်ပါ။ ပစ္စည်းအမည်၊ အရေအတွက်၊ ရောင်းဈေး နှင့် Best price (တခြားဆိုင်က ပေးသည့်ဈေး) ထည့်ပါ — Stock မလျော့ဘဲ အမြတ် = ရောင်းဈေး − Best price ဖြစ်ပါသည်။ ထိုဆိုင်ကို ချက်ချင်း ပေးပြီး (ပေးခဲ့သည့် wallet ရွေး) သို့မဟုတ် အကြွေး (ဆိုင်အမည် ထည့် — အကြွေးရရန်/ပေးရန် ထဲ ပေးရန် အဖြစ် ဝင်) ကို ရွေးပါ။

၇

ငွေစာရင်း နှစ်ခု ခွဲပေးခြင်း

ငွေစာရင်း နှစ်ခု ခွဲပေးမည် (Split into two wallets) ကို နှိပ်ပြီး ဥပမာ Cash တစ်ဝက်၊ KPay တစ်ဝက် ခွဲထည့်နိုင်ပါသည်။

၈

ပြန်အမ်းငွေ

Cash received (optional) တွင် ဖောက်သည်ပေးသောငွေ ရိုက်လျှင် ပြန်အမ်းရမည့်ငွေ (Change) ကို တွက်ပြပါသည်။

၉

ရောင်းချမှု အတည်ပြုပြီး Voucher ထုတ်ပါ

အတည်ပြုလျှင် Sale complete ပေါ်ပါမည်။ Print ဖြင့် Voucher ထုတ်ပါ။ ဖုန်းရောင်းလျှင် Warranty card လည်း ထုတ်နိုင်ပါသည်။ New sale ဖြင့် နောက်တစ်ခု စပါ။

အကြံပြုချက် — Computer တွင် Ctrl + Enter ဖြင့် အရောင်းကို မြန်မြန် ပြန်စစ်နိုင်သည်။
အကြံပြုချက် — Cart ထဲက ပစ္စည်းများကို စာမျက်နှာ ပိတ်လိုက်လည်း မပျောက်ပါ — ပြန်ဖွင့်လျှင် ဆက်ရောင်းနိုင်သည်။
အကြံပြုချက် — ဖုန်းတွင် Cart ပစ္စည်းရှိလျှင် အောက်ခြေ Bar ကို နှိပ်ပြီး Cart သို့ တန်းသွားနိုင်သည်။
App ဖွင့်မည်အခြား လမ်းညွှန်များအကူအညီ (Telegram)